ရှင်ယာကုပ်ဩဝါဒစာ 5:10
ညီအစ်ကိုတို့၊ ထာဝရဘုရား၏နာမတော် ကိုအမှီပြု၍ဟောပြောခဲ့ကြသောပရောဖက် တို့၏အကြောင်းကိုသတိရလော့။ ဆင်းရဲဒုက္ခ ရောက်သောအခါသူတို့တွင်ခံနိုင်ရည်ရှိပုံကို စံနမူနာယူကြလော့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 5
Cross References
Isaiah 39:8ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။
Jeremiah 23:22အကယ်၍သူတို့သည်ငါ၏လျှို့ဝှက်သော အကြံအစည်တော်တို့ကိုသာသိရှိကြ မည်ဆိုပါမူ ငါ၏ဗျာဒိတ်တော်ကိုငါ့လူ မျိုးတော်အားဟောပြောကြေညာကာ သူတို့ ၏ဆိုးညစ်သည့်အကျင့်များနှင့်သူတို့ပြု သည့်ယုတ်မာမှုများကိုစွန့်ပစ်စေနိုင်ကြ လိမ့်မည်။
Matthew 5:11``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။
Matthew 23:34သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
Luke 13:34``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
Acts 7:52သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-