ယေရမိအနာဂတ္တိကျမ်း 1:7
သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 1
Cross References
Numbers 22:20ထိုနေ့ညတွင်ဘုရားသခင်သည်ဗာလမ်ထံ သို့ကြွလာ၍``ဤသူတို့သည်သင့်ကိုသူတို့ နှင့်အတူလိုက်ပါရန် ခေါ်ဖိတ်လျှင်လိုက်သွား လော့။ သို့ရာတွင်သင်သည်ငါညွှန်ကြားသည့် အတိုင်းသာဆောင်ရွက်ရမည်'' ဟုမိန့်တော် မူ၏။-
1 Kings 22:14သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
Jeremiah 1:17သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
Jeremiah 43:1ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊-
Ezekiel 3:17``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-