ယေရမိအနာဂတ္တိကျမ်း 10:16
ယာကုပ်၏ဘုရားသခင်ကားရုပ်တုများ ကဲ့သို့မဟုတ်။ ကိုယ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်၍၊ ဣသရေလအမျိုးသားတို့ကိုမိမိကိုယ်ပိုင် လူမျိုးတော်အဖြစ်ရွေးချယ်ထားတော်မူ လေပြီ။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုးရှင် ထာဝရဘုရားပေတည်း။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
Exodus 34:9``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။
Psalms 16:5အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
Psalms 73:26ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
Psalms 119:57အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုသာလှင် တောင့်တပါ၏။ ကိုယ်တော်ရှင်၏ပညတ်တော်တို့ကို လိုက်နာရန်ကတိပြုပါ၏။
Psalms 142:5အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
Isaiah 19:25အနန္တတန်ခိုးရှင်ထာဝရဘုရားကထို ပြည်တို့ကိုကောင်းချီးပေး၍``ငါ၏လူစု အီဂျစ်အမျိုးသားတို့၊ ငါဖန်ဆင်းထားသူ အာရှုရိအမျိုးသားတို့နှင့် ငါရွေးကောက် သောလူမျိုးတော်ဣသရေလအမျိုးသား တို့၊ သင်တို့အားငါကောင်းချီးပေးမည်'' ဟုမိန့်တော်မူ၏။