The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 11 › ယေရမိအနာဂတ္တိကျမ်း 11:13

ယေရမိအနာဂတ္တိကျမ်း 11:13

ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-

Common Language Bible

In The King James Version

For according to the number of thy cities were thy gods, O Judah; and according to the number of the streets of Jerusalem have ye set up altars to that shameful thing, even altars to burn incense unto Baal.

In Context

12ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

14ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 11

Cross References

2 Kings 21:4ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာန တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ​ဗိ​မာန် တော်​တွင် ရုပ်​တု​များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် များ​ကို​တည်​ဆောက်​၏။-

2 Kings 23:13ယော​ရှိ​သည်​ယေ​ရု​ရှ​လင်​မြို့​၏​အ​ရှေ့၊ သံ လွင်​တောင်​၏​တောင်​ဘက်​၌​ဇိ​ဒုန်​ဘု​ရား​အာ​ရှ တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့်​အမ္မုန်​ဘု​ရား မော​လုတ်​တို့​ကို​ကိုး​ကွယ်​ရန် ရှော​လ​မုန်​မင်း​ကြီး တည်​ဆောက်​ခဲ့​သော​ယဇ်​ပလ္လင်​များ​ကို​လည်း ညစ်​ညမ်း​စေ​တော်​မူ​၏။-

Isaiah 2:8သူ​တို့​၏​ပြည်​သည်​ရုပ်​တု​ဆင်း​တု​များ​နှင့်​ပြည့် နှက်​နေ​လျက်​လူ​တို့​သည် မိ​မိ​တို့​လက်​ဖြင့်​ပြု လုပ်​သည့်​အ​ရာ​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကြ​ပါ​၏။

Jeremiah 3:1ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-

Jeremiah 3:25အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။

Jeremiah 17:1ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 11:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 11:12ယေရမိအနာဂတ္တိကျမ်း 11ယေရမိအနာဂတ္တိကျမ်း 11:14 →