ယေရမိအနာဂတ္တိကျမ်း 15:20
ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Common Language Bible
In The King James Version
In Context
21``သင့်ကိုသူယုတ်မာတို့၏လက်မှကယ်ဆယ် ၍ အကြမ်းဖက်သမားတို့၏ဘေးမှကယ် တင်မည်။''
Read all of ယေရမိအနာဂတ္တိကျမ်း 15
Cross References
Psalms 37:39ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
Psalms 46:11အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Psalms 129:1ဣသရေလ၊သင်ငယ်စဉ်အခါမှစ၍ ရန်သူများသည် သင့်ကိုအဘယ်သို့ရက်စက်စွာညှဉ်းဆဲ နှိပ်စက်ကြကြောင်းကိုငါတို့အားဖော်ပြလော့။
Isaiah 8:9အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
Jeremiah 1:8ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။