ယေရမိအနာဂတ္တိကျမ်း 17:18
ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Deuteronomy 33:11အို ထာဝရဘုရားသူတို့၏အနွယ်ကို ကြီးပွားစေတော်မူပါ။ သူတို့ဆောင်ရွက်သမျှကိုလက်ခံတော် မူပါ။ သူတို့၏ရန်သူရှိသမျှကိုနာလန်မထူ နိုင်အောင် ချေမှုန်းတော်မူပါ။''
Psalms 25:2ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
Psalms 35:8သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
Psalms 40:14ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
Psalms 71:1အို ထာဝရဘုရား၊ ကိုယ်တော့်ထံခိုလှုံရန်ကျွန်တော်မျိုးချဉ်းကပ် ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးရှုံးနိမ့်စေတော်မမူပါနှင့်။
Jeremiah 11:20ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။