The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 17 › ယေရမိအနာဂတ္တိကျမ်း 17:14

ယေရမိအနာဂတ္တိကျမ်း 17:14

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကု​သ​တော်​မူ ပါ​မှ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​သည်​လုံး​ဝ ပျောက်​ကင်း​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​လုံ​ခြုံ​မှု​အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကား​ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​သည့် အ​ရှင်​ပင်​ဖြစ်​တော်​မူ​ပါ​၏။

Common Language Bible

In The King James Version

Heal me, O LORD, and I shall be healed; save me, and I shall be saved: for thou art my praise.

In Context

13အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍ မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။

15လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 17

Cross References

Deuteronomy 32:39`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။

Psalms 6:3ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။

Psalms 12:4ဝါ​ကြွား​တတ်​သူ​တို့​က``ငါ​တို့​သည်​မိ​မိ​တို့​၏ စ​ကား​အား​ဖြင့်​လို​ချင်​သည့်​အ​ရာ​ကို​ရ​ရှိ ကြ​၏။ ငါ​တို့​သည်​မိ​မိ​တို့​အ​လို​ဆန္ဒ​အ​တိုင်း​ပြော ဆို​မည်။ အ​ဘယ်​သူ​မျှ​ငါ​တို့​အား​ဆီး​တား​၍​ရ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​ကြ​၏။

Psalms 106:47ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​နာ​မ တော်​ကို ထော​မ​နာ​ပြု​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​နိုင် ကြ​စေ​ရန်​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​အား​လူ​မျိုး​တ​ကာ​တို့ အ​ထဲ​မှ ပြန်​လည်​ခေါ်​ဆောင်​တော်​မူ​ပါ။

Psalms 119:94ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ပိုင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​ကယ်​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဥ​ပ​ဒေ​သ တော် တို့​ကို​ကြိုး​စား​၍​စောင့်​ထိန်း​ပါ​၏။

Isaiah 6:10ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 17:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 17:13ယေရမိအနာဂတ္တိကျမ်း 17ယေရမိအနာဂတ္တိကျမ်း 17:15 →