ယေရမိအနာဂတ္တိကျမ်း 17:13
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Psalms 22:4ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
Psalms 69:29သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
Psalms 97:7ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
Proverbs 14:14စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။
Isaiah 45:16ရုပ်တုများကိုပြုလုပ်သူအပေါင်းတို့သည် အရှက်ကွဲကြလိမ့်မည်။ ထိုသူအားလုံးပင်အသရေပျက်ကြလိမ့်မည်။
Isaiah 66:5ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-