Psalms 40:14
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
Common Language Bible
In The King James Version
In Context
13အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ယခုပင်ကူမတော်မူပါ။
Cross References
Psalms 9:3ကိုယ်တော်ရှင်ကြွလာတော်မူသောအခါ၊ ကျွန်တော်မျိုး၏ရန်သူများသည်ဆုတ်ခွာ ထွက်ပြေးကြပါ၏။ သူတို့သည်လဲကျသေဆုံးကြပါ၏။
Psalms 22:20ဋ္ဌားဘေးမှကျွန်တော်မျိုးအားကယ်တော်မူပါ။ ခွေးကဲ့သို့သောသူတို့၏ဘေးမှကျွန်တော် မျိုး၏ အသက်ကိုကယ်တော်မူပါ။
Psalms 35:4ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
Psalms 70:1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
Psalms 71:13ကျွန်တော်မျိုးကိုတိုက်ခိုက်ကြသူတို့သည် အရေးရှုံးနိမ့်၍ပျက်စီးဆုံးပါးကြပါစေသော။ ကျွန်တော်မျိုးထိခိုက်ဒဏ်ရာရအောင် ကြိုးစားကြသူတို့သည် အရှက်ကွဲ၍အသရေပျက်ကြပါစေသော။
Isaiah 41:11အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။ သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။