ယေရမိအနာဂတ္တိကျမ်း 17:27
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 17
Cross References
Deuteronomy 32:22ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
2 Kings 25:9ဗိမာန်တော်၊ နန်းတော်နှင့်ယေရုရှလင်မြို့ရှိ အရေးပါအရာရောက်သူအပေါင်းတို့၏နေ အိမ်များကိုမီးရှို့လေသည်။-
Isaiah 1:20သို့ရာတွင်ငါ၏စကားကိုနားထောင်ရန်ငြင်းဆန်၍ ငါ့အားအာခံကြမည်ဆိုလျှင်မူကား သင်တို့သည်သေကြေပျက်စီးရကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
Isaiah 9:18လူတို့၏ယုတ်မာမှုသည် ဆူးပင်အမျိုးမျိုး ကိုကျွမ်းလောင်စေသည့်မီးကဲ့သို့တောက် လောင်တတ်၏။ တောမီးကဲ့သို့တောက်လောင်၍ မီးခိုးလုံးကြီးများကိုတက်စေတတ်၏။-
Jeremiah 7:20သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
Jeremiah 17:21ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊-