ယေရမိအနာဂတ္တိကျမ်း 18:17
ငါသည်မိမိတို့လူမျိုးတော်အားအရှေ့လေ တိုက်ခံရသည့်မြေမှုန့်များကဲ့သို့ ရန်သူတို့ရှေ့တွင်ကွဲလွင့်၍သွားစေမည်။ သူတို့အားငါကျောခိုင်း၍နေမည်။ ငါသည်ဘေးအန္တရာယ်ဆိုးကျရောက်ချိန်၌ သူတို့ဘက်လှည့်လိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Deuteronomy 28:64``ထာဝရဘုရားသည် သင်တို့အားကမ္ဘာတစ် စွန်းမှတစ်စွန်းတိုင်အောင် လူမျိုးအပေါင်းတို့ ထဲသို့ပျံ့နှံ့ကွဲလွင့်စေတော်မူလိမ့်မည်။ ထို အခါသင်တို့နှင့်သင်တို့ဘိုးဘေးတို့မကိုး ကွယ်ဘူးသောသစ်သား၊ သံတို့ဖြင့်ထုလုပ် သည့်ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ လိမ့်မည်။-
Deuteronomy 32:35ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
Job 27:21အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
Proverbs 7:25ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
Jeremiah 13:24ထာဝရဘုရားသည်သင်တို့အားသဲကန္တာရ မှလာသောလေပြင်းတွင် လွင့်ပါသွားသည့် ဖွဲကဲ့သို့ကွဲလွင့်စေတော်မူလိမ့်မည်။-
Jeremiah 46:21အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။