ယေရမိအနာဂတ္တိကျမ်း 46:21
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
Common Language Bible
In The King James Version
In Context
20အီဂျစ်ပြည်သည်မြောက်အရပ်မှ မှက်ကိုက်ခံရသည့် လှပဆူဖြိုးသည်နွားမနှင့်တူ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Deuteronomy 32:15``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
2 Kings 7:6ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
Proverbs 15:17ဆူအောင်ကျွေးသော နွားတကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တနပ် စာသည်သာ၍ ကောင်း၏။
Isaiah 34:7ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
Jeremiah 46:5သို့ရာတွင်ထာဝရဘုရားက``ငါမြင်ရ သည်ကား အဘယ်သို့နည်း။ သူတို့သည်ကြောက်လန့်၍နောက်သို့ဆုတ်ခွာ နေကြ၏။ သူတို့၏စစ်သူရဲများသည်အရေးရှုံးနိမ့်ကြ လေပြီ။ သူတို့သည်ကြောက်အားကြီး၍၊ နောက်သို့လှည့်မကြည့်ဘဲအစွမ်းကုန်လျင် မြန်စွာ ပြေးကြလေကုန်၏'' ဟုမိန့်တော်မူ၏။
Jeremiah 46:15သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။ သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။