ယေရမိအနာဂတ္တိကျမ်း 18:22
သူတို့၏အိမ်ရာများကိုတိုက်ခိုက်လုယက် ရန်ရုန်းရင်းဆန်ခတ်လူအုပ်အားအမှတ်မ ထင်စေလွှတ်တော်မူပါ။ သူတို့သည်ကြောက် လန့်တုန်လှုပ်လျက်ဟစ်အော်ရကြပါစေ သော။ သူတို့သည်ကျွန်တော်မျိုးလိမ့်ကျစေ ရန်တွင်းကိုတူးကြပါပြီ။ ကျွန်ုပ်အတွက် ထောင်ချောက်ကိုဆင်ကြပါပြီ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Psalms 56:5ငါ၏ရန်သူများသည်ငါ့ကိုတစ်နေ့လုံး စော်ကားပြောဆိုကြ၏။ ငါ့အားအကျိုးနည်းစေရန်နည်းလမ်းကို အစဉ်ပင်ရှာကြံလျက်နေကြ၏။
Psalms 140:5မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
Psalms 142:4ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
Isaiah 22:1ဤဗျာဒိတ်တော်သည်ဗျာဒိတ်ရူပါရုံချိုင့် ဝှမ်းနှင့် သက်ဆိုင်သည့်ဗျာဒိတ်တော်ဖြစ်၏။ မြို့သူမြို့သားအပေါင်းတို့သည်အဘယ်ကြောင့် မိမိတို့အိမ်ခေါင်မိုးများအပေါ်တွင်ပွဲလမ်း သဘင်ဆင်ယင်ကျင်းပနေကြပါသနည်း။ အဘယ်အမှုအရာဖြစ်ပျက်လျက်ရှိပါ သနည်း။-
Jeremiah 4:31သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
Jeremiah 9:20ငါက၊ ``အမျိုးသမီးတို့၊ထာဝရဘုရားမိန့်တော်မူ သည်ကို နားထောင်ကြလော့။ ကိုယ်တော်ရှင်၏စကားတော်တို့ကို အာရုံစိုက်၍နာယူကြလော့။ သင်တို့၏သမီးများအားငိုကြွေးတတ်ရန် လည်းကောင်း၊ သင်တို့၏မိတ်ဆွေများအားမသာသီချင်းကို သီဆိုတတ်ရန်လည်းကောင်းသင်ကြားပေး ကြလော့။