ယေရမိအနာဂတ္တိကျမ်း 4:31
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Genesis 27:46ရေဗက္ကကဣဇာက်အား``ကျွန်မသည်ဧသော၏ အမျိုးချင်းမတူသောမယားများကြောင့် သေ ချင်အောင်စိတ်ညစ်ရသည်။ အကယ်၍ယာကုပ် သည်ဤအရပ်၌ရှိသော ဟိတ္တိအမျိုးသမီး တစ်ဦးဦးနှင့်အိမ်ထောင်ကျမည်ဆိုလျှင် ကျွန်မအသက်ရှင်မနေနိုင်တော့ပါ'' ဟု ပြောလေ၏။
Psalms 120:5သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
Isaiah 6:5ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
Isaiah 21:3ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
Isaiah 42:14ဘုရားသခင်က ``ငါသည်ကာလကြာမြင့်စွာဆိတ်ဆိတ်နေခဲ့၏။ ငါ၏လူမျိုးတော်အားအဖြေမပေးခဲ့။ သို့ရာတွင်ယခုအရေးယူဆောင်ရွက်ရန် အချိန်ကျရောက်လာလေပြီ။ ငါသည်သားဖွားသောဝေဒနာကိုခံရသူ အမျိုးသမီးကဲ့သို့အော်ဟစ်ပါ၏။
Jeremiah 6:23သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။''