The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 20 › ယေရမိအနာဂတ္တိကျမ်း 20:6

ယေရမိအနာဂတ္တိကျမ်း 20:6

ပါ​ရှု​ရ၊ သင်​၏​အ​ဖို့​မှာ​မူ​အိမ်​သူ​အိမ်​သား​များ နှင့်​အ​တူ အ​ဖမ်း​ခံ​ရ​လျက်​ဗာ​ဗု​လုန်​မြို့​သို့ ရောက်​ရှိ​ရ​လိမ့်​မည်။ သင်​သည်​ထို​မြို့​တွင်​သေ​ရ လိမ့်​မည်။ ထို​နောက်​သင်​ဟော​ပြော​ခဲ့​သော​မု​သား စ​ကား​များ​ကို​ကြား​နာ​ခဲ့​သူ​သင်​၏​မိတ်​ဆွေ အ​ပေါင်း​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့် မည်' '' ဟု​မိန့်​တော်​မူ​ကြောင်း​ပါ​ရှု​ရ​အား​ဆို​၏။

Common Language Bible

In The King James Version

And thou, Pashur, and all that dwell in thine house shall go into captivity: and thou shalt come to Babylon, and there thou shalt die, and shalt be buried there, thou, and all thy friends, to whom thou hast prophesied lies.

In Context

5ငါ​သည်​ရန်​သူ​တို့​အား​ဤ​မြို့​၏​စည်း​စိမ်​ချမ်း သာ​မှန်​သ​မျှ​ကို​တိုက်​ခိုက်​လု​ယူ​စေ​မည်။ ဤ မြို့​၏​လက်​ရှိ​ဥစ္စာ​များ​နှင့်​ပစ္စည်း​ပစ္စ​ယ​မှန် သ​မျှ​နှင့် ယု​ဒ​ဘု​ရင်​များ​၏​ဘဏ္ဍာ​တော်​တို့ ကို​ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​စေ​မည်။-

7အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​လှည့်​စား​တော်​မူ​သ​ဖြင့်၊ ကျွန်​တော်​မျိုး​သည်​အ​လှည့်​စား​ခံ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ထက် ခွန်​အား​ကြီး​တော်​မူ​သည်​ဖြစ်​၍၊ ကျွန်​တော်​မျိုး​ကို​အ​နိုင်​ရ​တော်​မူ​ပါ​၏။ လူ​တိုင်း​ပင်​ကျွန်​တော်​မျိုး​ကို​ပြောင်​လှောင်​ကြ ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တစ်​နေ​ကုန်​တစ်​နေ​ခန်း​ပြက်​ရယ်​ပြု​ကြ​ပါ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 20

Cross References

Leviticus 26:17ငါ​သည်​သင်​တို့​တစ်​ဘက်​၌​ရှိ​သ​ဖြင့် သင်​တို့ သည်​စစ်​ရှုံး​၍​ရန်​သူ​၏​အုပ်​စိုး​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ သင်​တို့​သည်​အ​လွန်​ထိတ်​လန့်​သ​ဖြင့် လိုက်​သူ​မ​ရှိ​ဘဲ​နှင့်​ပြေး​ရ​ကြ​လိမ့်​မည်။

Isaiah 9:15ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-

Jeremiah 6:13ကြီး​ငယ်​မ​ဟူ​လူ​အ​ပေါင်း​တို့​သည်​မ​တ​ရား စီး​ပွား​ရှာ​ကြ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု ရော​ဟိတ်​များ​ပင်​လျှင်​လူ​တို့​ကို​လှည့်​ဖြား ကြ​၏။-

Jeremiah 14:13ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။

Jeremiah 14:16သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

Jeremiah 23:14သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​က​မူ ထို​သူ​တို့​ထက်​ပင်​ပို​၍​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ သည်​ကို တွေ့​မြင်​ရ​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မု​သား​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​က​လူ​တို့​အား​အ​မှား​ကို​ပြု​ကျင့်​ရန် အား​ပေး​ကူ​ညီ​ကြ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သည့်​မ​ကောင်း​မှု​များ ကို မ​ရပ်​စဲ​ကြ​တော့​ပေ။ ထို​သူ​အ​ပေါင်း​တို့​သည်​သော​ဒုံ​မြို့​သား များ​နှင့်​တူ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သူ​မြို့​သား​များ​ကဲ့​သို့​ပင် ဆိုး​ညစ်​ယုတ်​မာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 20:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 20:5ယေရမိအနာဂတ္တိကျမ်း 20ယေရမိအနာဂတ္တိကျမ်း 20:7 →