ယေရမိအနာဂတ္တိကျမ်း 20:8
ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်း အော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။ အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 20
Cross References
2 Kings 2:23ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။
Isaiah 57:4သင်တို့သည်အဘယ်သူကိုပျက်ရယ်ပြု၍နေ ကြပါသနည်း။ အချင်းလူလိမ်တို့၊ သင်တို့ သည်အဘယ်သူကိုပြောင်လှောင်လျက်နေ ကြပါသနည်း။-
Jeremiah 5:1ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
Jeremiah 5:15ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
Jeremiah 6:7စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
Jeremiah 7:9သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။-