ယေရမိအနာဂတ္တိကျမ်း 21:7
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 21
Cross References
2 Kings 25:5သို့ရာတွင်ဗာဗုလုန်တပ်မတော်သားတို့သည် ဇေဒကိမင်းကိုလိုက်၍ဖမ်းကြရာ ယေရိခေါ မြို့အနီးရှိလွင်ပြင်တွင်မိလေသည်။ ဇေဒကိ ၏စစ်သူရဲအပေါင်းတို့သည်ကားမိမိတို့ အရှင်ကိုစွန့်၍ထွက်ပြေးကြ၏။-
2 Kings 25:18ထို့အပြင်တပ်မှူးနေဗုဇာရဒန်သည် ယဇ် ပုရောဟိတ်မင်းစရာယ၊ သူ၏လက်ထောက် ဇေဖနိနှင့်အခြားအရေးကြီးသည့် ဗိမာန် တော်အရာရှိသုံးဦးတို့ကိုလည်းကောင်း၊-
Isaiah 13:17ထာဝရဘုရားက``ငါသည်မေဒိအမျိုး သားတို့အား ဗာဗုလုန်ပြည်ကိုတိုက်ခိုက် ရန်လှုံ့ဆော်လျက်ရှိ၏။ သူတို့သည်ငွေကို ပမာဏမပြု။ ရွှေကိုလည်းမမက်မော။-
Isaiah 47:6ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
Jeremiah 14:12အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
Jeremiah 20:4အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-