The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 21 › ယေရမိအနာဂတ္တိကျမ်း 21:6

ယေရမိအနာဂတ္တိကျမ်း 21:6

ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

And I will smite the inhabitants of this city, both man and beast: they shall die of a great pestilence.

In Context

5ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-

7စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 21

Cross References

Isaiah 6:11ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-

Jeremiah 7:20သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။

Jeremiah 14:12အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။

Jeremiah 20:4အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​ကိုယ် တော်​တိုင်​က`ငါ​သည်​သင့်​အား​ကိုယ်​အ​ဖို့​လည်း ကောင်း၊ မိတ်​ဆွေ​များ​အ​ဖို့​လည်း​ကောင်း၊ ထိတ် လန့်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သူ​ဖြစ်​စေ​မည်။ ထို သူ​အ​ပေါင်း​တို့​သည်​လည်း​ရန်​သူ​များ​၏​ဋ္ဌား ဖြင့်​ကျ​ဆုံး​ကြ​သည်​ကို​သင်​မြင်​ရ​လိမ့်​မည်။ ငါ​သည်​ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​အား ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​အပ်​တော်​မူ​မည်။ သူ​သည်​ထို​သူ​အ​ချို့​ကို​မိ​မိ​၏​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လျက်​အ​ချို့​တို့ ကို​မူ​ကွပ်​မျက်​လိမ့်​မည်။-

Jeremiah 33:12အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``လူ​နှင့် တိ​ရစ္ဆာန်​ကင်း​မဲ့​၍​သဲ​ကန္တာ​ရ​နှင့်​တူ​သော ဤ ပြည်​တွင်​သိုး​ကျောင်း​သား​တို့​သိုး​များ​ကို ထိန်း​ကျောင်း​ရာ​စား​ကျက်​များ​ရှိ​လာ​လိမ့် ဦး​မည်။-

Jeremiah 36:29ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 21:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 21:5ယေရမိအနာဂတ္တိကျမ်း 21ယေရမိအနာဂတ္တိကျမ်း 21:7 →