The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 23 › ယေရမိအနာဂတ္တိကျမ်း 23:25

ယေရမိအနာဂတ္တိကျမ်း 23:25

`ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-

Common Language Bible

In The King James Version

I have heard what the prophets said, that prophesy lies in my name, saying, I have dreamed, I have dreamed.

In Context

24ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''

26ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-

Read all of ယေရမိအနာဂတ္တိကျမ်း 23

Cross References

Genesis 37:9တစ်​ဖန်​ယော​သပ်​သည်​အိပ်​မက်​မက်​ပြန်​၍​အစ် ကို​တို့​အား``ကျွန်​တော်​သည်​အိပ်​မက်​မြင်​မက် ပြန်​ပြီ။ ထို​အိပ်​မက်​ထဲ​တွင်​နေ၊ လ​နှင့်​ကြယ် တစ်​ဆယ့်​တစ်​လုံး​တို့​က​ကျွန်​တော်​အား​ဦး ညွှတ်​ရှိ​ခိုး​ကြ​သည်​ကို​မြင်​ရ​ပါ​သည်''ဟု ပြော​လေ​၏။

Psalms 139:2ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။ အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

Jeremiah 8:6ငါ​သည်​စေ့​စေ့​နား​ထောင်​သော်​လည်း​သင်​တို့ သည်​သစ္စာ​စ​ကား​ကို​မ​ပြော​ကြ။ သင်​တို့​တွင် အ​ဘယ်​သူ​မျှ​မိ​မိ​တို့​ယုတ်​မာ​မှု​များ​အ​တွက် ဝမ်း​မ​နည်း​ကြ။ `ငါ​သည်​အ​ဘယ်​မ​ကောင်း​မှု ကို​ပြု​မိ​ပါ​သ​နည်း' ဟု​အ​ဘယ်​သူ​မျှ​မ​မေး ကြ။ တိုက်​ပွဲ​သို့​အ​ပြင်း​ပြေး​သည့်​မြင်း​ကဲ့ သို့​လူ​တိုင်း​မိ​မိ​တို့​ပြု​လို​ရာ​ကို ပြု​လျက် နေ​ကြ​၏။-

Jeremiah 14:14သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-

Jeremiah 23:28အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-

Jeremiah 29:8ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 23:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 23:24ယေရမိအနာဂတ္တိကျမ်း 23ယေရမိအနာဂတ္တိကျမ်း 23:26 →