ယေရမိအနာဂတ္တိကျမ်း 23:26
ဤပရောဖက်များသည်မိမိတို့လုပ်ကြံပြော ဆိုသည့်မုသားစကားများဖြင့် ငါ၏လူမျိုး တော်အားအဘယ်မျှကြာကြာဆက်လက် လမ်းလွဲစေကြမည်နည်း။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 23
Cross References
Psalms 4:2အချင်းလူတို့၊သင်တို့သည်အဘယ်ကာလတိုင် အောင် ငါ့အားစော်ကားကြမည်နည်း။ အဘယ်ကာလတိုင်အောင်သင်တို့သည် အကျိုးမရှိသည့်အရာကိုနှစ်သက်၍ အမှားနောက်သို့လိုက်ကြမည်နည်း။
Jeremiah 4:14အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
Jeremiah 14:14သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
Hosea 8:5ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
2 Thessalonians 2:9သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-
2 Timothy 4:3လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-