ယေရမိအနာဂတ္တိကျမ်း 25:17
သို့ဖြစ်၍ငါသည်ထာဝရဘုရား၏လက် တော်မှခွက်ဖလားကိုယူ၍ ငါ့အားကိုယ် တော်စေလွှတ်တော်မူသည့်လူမျိုးအပေါင်း တို့အားအမျက်တော်ရည်ကိုတိုက်၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
Jeremiah 25:9`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Jeremiah 27:3ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
Ezekiel 29:2ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် ကိုရှုတ်ချလော့။ သူနှင့်တကွအီဂျစ်တစ် ပြည်လုံးအပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-