ယေရမိအနာဂတ္တိကျမ်း 25:18
ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 25
Cross References
Joshua 6:18သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။-
2 Kings 22:19ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
Nehemiah 9:36ယခုအခါ၌အကျွန်ုပ်တို့သည် ကိုယ်တော်ပေးတော်မူသော အကျွန်ုပ်တို့စားသုံးရန်အသီးအနှံ ပေါများသောပြည်၌ကျွန်ဖြစ်ရကြပါ၏။
Isaiah 51:17အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ ထာဝရဘုရားအမျက်တော်ထွက်သဖြင့် သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
Jeremiah 13:3ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
Jeremiah 19:3ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-