ယေရမိအနာဂတ္တိကျမ်း 26:3
လူတို့သည်နားထောင်၍မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ အကယ်၍သူတို့သည်ဤသို့စွန့်ပစ်ကြပါ မူငါသည်သူတို့၏ယုတ်မာမှုများအတွက် သုတ်သင်ဖျက်ဆီးရန်အကြံအစည်တော် နှင့်ပတ်သက်၍စိတ်တော်ပြောင်းလဲတော်မူ မည်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 26
Cross References
1 Kings 21:27ဧလိယဆင့်ဆိုပြောကြားသောအခါ အာဟပ် သည်မိမိ၏အဝတ်များကိုဆုတ်ဖြဲပြီးလျှင် လျှော်တေကိုဝတ်၏။ သူသည်စားတော်မခေါ် ဘဲလျှော်တေဝတ်၍အိပ်၏။ သွားလာရာ၌ လည်းမှိုင်တွေလျက်နေ၏။
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
Jeremiah 18:8ထိုလူမျိုးသည်နောင်တရပါမူငါ၏စိတ် ပြောင်းလဲလျက် ယခင်မြွက်ဆိုခဲ့သည့်အမှု များကိုမပြုဘဲငါနေမည်။-
Jeremiah 36:3ယုဒပြည်သားများသည်မိမိတို့အတွက် ငါ ရည်မှန်းထားသည့်ဘေးအန္တရာယ်ဆိုး၏အ ကြောင်းကိုကြားသိရပါမူ မိမိတို့၏အကျင့် ဆိုးများကိုစွန့်ပစ်ကောင်းစွန့်ပစ်ကြလိမ့်မည်။ ထိုအခါငါသည်သူတို့ပြုကျင့်သည့်မ ကောင်းမှုဒုစရိုက်များအတွက်အပြစ် ဖြေလွှတ်တော်မူမည်'' ဟုမိန့်တော်မူ၏။
Ezekiel 12:3``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
Ezekiel 18:27ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-