ယေရမိအနာဂတ္တိကျမ်း 27:18
အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 27
Cross References
Genesis 18:24အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
1 Samuel 7:8ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
1 Samuel 12:23ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
1 Kings 18:26သူတို့သည်လည်းမိမိတို့ထံသို့ယူဆောင် လာသောနွားကိုယဇ်ပူဇော်ရန်အတွက် ပြင် ဆင်ကြပြီးလျှင်ဗာလဘုရားထံသို့မွန်း တည့်ချိန်တိုင်အောင်ဆုတောင်းပတ္ထနာပြု ကြ၏။ သူတို့က``အို ဗာလဘုရား၊ အကျွန်ုပ် တို့၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ ပါ'' ဟုဟစ်အော်ကြပြီးလျှင် မိမိတို့တည် ဆောက်ထားသည့်ယဇ်ပလ္လင်၏ပတ်လည်တွင် ကလျက်နေကြ၏။ သို့ရာတွင်ဗာလဘုရား ထံမှမည်သို့မျှအဖြေမရကြ။
Job 42:8သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
Jeremiah 15:1ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-