bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 29 › ယေရမိအနာဂတ္တိကျမ်း 29:22
ယေရမိအနာဂတ္တိကျမ်း 29:22
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
Common Language Bible
In The King James Version
And of them shall be taken up a curse by all the captivity of Judah which are in Babylon, saying, The LORD make thee like Zedekiah and like Ahab, whom the king of Babylon roasted in the fire;
In Context
21``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
23ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။
Read all of ယေရမိအနာဂတ္တိကျမ်း 29
Cross References
Ruth 4:11မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
Daniel 3:6ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။-
1 Corinthians 16:22မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။-
This Verse In Other Editions
Study ယေရမိအနာဂတ္တိကျမ်း 29:22