ယေရမိအနာဂတ္တိကျမ်း 30:11
ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Exodus 34:7ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Psalms 6:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
Isaiah 27:7ဣသရေလအမျိုးသားတို့သည် မိမိတို့ရန်သူ များလောက် ပြင်းထန်စွာထာဝရဘုရား၏ အပြစ်ဒဏ်ကိုမခံရကြ၊ ရန်သူများလောက် လည်းမသေရကြ။-
Jeremiah 1:8ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
Jeremiah 4:27(ကမ္ဘာမြေကြီးတစ်ခုလုံးသည် တောကန္တာရ အဖြစ်သို့ရောက်ရှိရလိမ့်မည်ဖြစ်သော်လည်း အကုန်အစင်ပျက်ပြုန်းသွားရလိမ့်မည်မ ဟုတ်ကြောင်း ထာဝရဘုရားမိန့်ကြားထား တော်မူ၏။)
Jeremiah 5:18ထာဝရဘုရားက``ထိုနေ့ရက်ကာလများ၌ပင်လျှင်ငါ၏လူမျိုးတော်အား လုံးဝသုတ်သင်ဖျက်ဆီးလိမ့်မည်မဟုတ်။-