ယေရမိအနာဂတ္တိကျမ်း 30:9
မိမိတို့၏ဘုရားသခင်ငါထာဝရဘုရား၏ အမှုတော်ကိုလည်းကောင်း၊ သူတို့၏ဘုရင် အဖြစ်ငါခန့်ထားမည့်ဒါဝိဒ်မင်းဆက်၏ အမှုတော်ကိုလည်းကောင်းထမ်းဆောင်ရကြ လိမ့်မည်။
Common Language Bible
In The King James Version
But they shall serve the LORD their God, and David their king, whom I will raise up unto them.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 30
Cross References
Jeremiah 23:5ထာဝရဘုရားက``ဒါဝိဒ်၏ဖြောင့်မတ်သော သားမြေးတစ်ဦးကို မင်းအဖြစ်ငါရွေးချယ် ခန့်ထားမည့်အချိန်ဧကန်အမှန်ကျရောက် လာလိမ့်မည်။ ထိုမင်းသည်ပညာဉာဏ်နှင့်အုပ် စိုး၍တိုင်းပြည်တစ်လျှောက်လုံးတွင် အမှန် တရားအတိုင်းတရားမျှတစွာစီရင်လိမ့် မည်။-
Ezekiel 34:24ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
Hosea 3:5သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။
Acts 2:30သူသည်ပရောဖက်ဖြစ်၍မိမိ၏သားမြေး တစ်ဦးကို ရှင်ဘုရင်အဖြစ်ခန့်တော်မူမည် ဟု ဘုရားသခင်ဋ္ဌိဋ္ဌာန်ကျိန်ဆိုတော်မူခဲ့ ကြောင်းကိုသိ၏။-
Acts 13:34နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊ `ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊ သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်' ဟူ၍မိန့်တော်မူသည်။ အခြားဆာလံတွင်၊ `ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကို သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်' ဟုပါရှိ၏။-