ယေရမိအနာဂတ္တိကျမ်း 32:19
ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
1 Kings 8:32အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
Job 34:21အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။
Psalms 33:14ကိုယ်တော်သည်မိမိစိုးစံတော်မူရာအရပ် မှငုံ့၍ ကမ္ဘာမြေကြီးပေါ်ရှိသတ္တဝါအပေါင်းတို့ကို ကြည့်တော်မူ၏။
Psalms 111:2ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။
Ecclesiastes 12:14အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။