ယေရမိအနာဂတ္တိကျမ်း 32:20
အီဂျစ်ပြည်တွင်ကိုယ်တော်ရှင်သည်အံ့သြ ဖွယ်ရာများနှင့် ထူးဆန်းသည့်နိမိတ်လက္ခ ဏာများကိုပြတော်မူပါ၏။ ယနေ့တိုင် အောင်ပင်ထိုအမှုအရာများကိုဣသ ရေလအမျိုးသားတို့တွင်လည်းကောင်း၊ လူမျိုးတကာတို့တွင်လည်းကောင်းဆက် လက်၍ပြတော်မူလျက်ရှိသဖြင့် ကိုယ် တော်ရှင်၏သတင်းတော်သည်အရပ်ရပ် သို့ပျံ့နှံ့၍ရှိပါ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 32
Cross References
Exodus 7:3သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
Deuteronomy 6:22ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
Deuteronomy 11:3နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-
1 Chronicles 17:21ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။-
Nehemiah 9:11ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။