The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 32 › ယေရမိအနာဂတ္တိကျမ်း 32:34

ယေရမိအနာဂတ္တိကျမ်း 32:34

သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-

Common Language Bible

In The King James Version

But they set their abominations in the house, which is called by my name, to defile it.

In Context

33သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-

35သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 32

Cross References

2 Kings 21:4ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​ဌာန တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ​ဗိ​မာန် တော်​တွင် ရုပ်​တု​များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် များ​ကို​တည်​ဆောက်​၏။-

2 Chronicles 33:4ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-

2 Chronicles 36:14ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-

Jeremiah 7:31သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​အား မီး​ရှို့​ပူ​ဇော်​နိုင်​ရန် ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​တော​ဖက် နာ​မည်​တွင်​သော​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ လေ​ပြီ။ ထို​အ​မှု​ကို​ပြု​ရန်​သူ​တို့​အား​ငါ မ​စေ​ခိုင်း​ခဲ့၊ စိတ်​ပင်​မ​ကူး​ခဲ့။-

Jeremiah 30:14သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။ သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။ သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့် ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။ သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 32:34

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 32:33ယေရမိအနာဂတ္တိကျမ်း 32ယေရမိအနာဂတ္တိကျမ်း 32:35 →