The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 33 › ယေရမိအနာဂတ္တိကျမ်း 33:18

ယေရမိအနာဂတ္တိကျမ်း 33:18

ငါ​၏​ရှေ့​မှောက်​တွင်​ရပ်​လျက်​မီး​ရှို့​ရာ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​၍ ယဇ်​များ​ကို​ပူ​ဇော် ရန်​အ​ဘယ်​အ​ခါ​၌​မျှ​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော​ဟိတ်​မျိုး​မ​ပြတ်​စေ​ရန်​လည်း ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ပြု​၏'' ဟု မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

Neither shall the priests the Levites want a man before me to offer burnt offerings, and to kindle meat offerings, and to do sacrifice continually.

In Context

17ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​မျိုး​ရိုး​မ ပြတ်​ရ​စေ​ရန်​လည်း​ကောင်း၊-

19ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``နေ့​နှင့်​ညဥ့်​တို့ သည်​မိ​မိ​တို့​အ​ချိန်​ကျ​လျှင်​ရောက်​ရှိ​လာ စေ​ရန်​နေ့​၌​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်၊ ညဥ့်​၌ ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​ဖောက်​ဖျက်​၍ မ​ရ​နိုင်။-

Read all of ယေရမိအနာဂတ္တိကျမ်း 33

Cross References

Isaiah 56:7``ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် တောင်​သို့​သင်​တို့​အား​ပို့​ဆောင်​မည်။ ငါ့​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​တွင် သင် တို့​သည်​ဝမ်း​မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​၏​ယဇ်​ပလ္လင်​တွင်​သင်​တို့​တင်​လှူ​ပူ​ဇော် သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို ငါ​လက်​ခံ​မည်။ ငါ ၏​ဗိ​မာန်​တော်​ကို​လူ​မျိုး​တ​ကာ​တို့ ဆု​တောင်း ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ်​သ​မုတ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Jeremiah 35:19သို့​ဖြစ်​၍​ရေ​ခပ်​၏​သား​ယော​န​ဒပ်​သည်​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည့်​သား​မြေး​များ အ​စဉ်​မ​ပြတ်​ထွန်း​ကား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ ပြု​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ပြန်​ကြား ပြော​ဆို​လေ​သည်။

Ezekiel 44:9``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။

Romans 1:21သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-

Hebrews 13:15သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

1 Peter 2:9သို့​ရာ​တွင်​သင်​တို့​သည်​အ​ရွေး​ခံ​လူ​မျိုး​ဖြစ် ၏။ တော်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ၊ သန့်​ရှင်း​မြင့် မြတ်​သည့်​လူ​မျိုး၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ သော​လူ​မျိုး​ဖြစ်​ကြ​၏။ ယင်း​သို့​ရွေး​ချယ်​တော် မူ​ခြင်း​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​ပြု​တော် မူ​သော​အံ့​ဖွယ်​ကောင်း​သည့်​အ​မှု​အ​ရာ​များ ကို​ဖော်​ပြ​ကြေ​ညာ​နိုင်​စေ​ခြင်း၊ ဘု​ရား​သ​ခင် သည်​သင်​တို့​အား​အ​မှောင်​ထဲ​မှ​အံ့​ဖွယ်​ရာ အ​လင်း​ထဲ​သို့​ခေါ်​ယူ​တော်​မူ​ပေ​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 33:18

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 33:17ယေရမိအနာဂတ္တိကျမ်း 33ယေရမိအနာဂတ္တိကျမ်း 33:19 →