ယေရမိအနာဂတ္တိကျမ်း 33:21
ထိုနည်းတူစွာဒါဝိဒ်မင်းမျိုးရိုးမပြတ်စေ ရန်နှင့် ငါ၏အမှုတော်ဆောင်လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန် ငါ့ အစေခံဒါဝိဒ်နှင့်ငါပြုခဲ့သည့်ပဋိညာဉ် ကိုလည်းဖောက်ဖျက်၍မရနိုင်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 33
Cross References
2 Samuel 23:5ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
2 Chronicles 21:7သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
Psalms 89:36ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။ နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
Psalms 132:17ငါသည်ဤမြို့တွင်ဒါဝိဒ်၏သားမြေးတစ်ဦးကို ကြီးမြတ်သည့်ဘုရင်အဖြစ်ဖြင့်ခန့်ထားမည်။ ဤမြို့တွင်ငါရွေးချယ်သည့်ဘုရင်၏အာဏာ စက်ကို တည်စေမည်။
Isaiah 55:3``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။
Jeremiah 33:18ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။