The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 34 › ယေရမိအနာဂတ္တိကျမ်း 34:15

ယေရမိအနာဂတ္တိကျမ်း 34:15

လွန်​ခဲ့​သည့်​ရက်​အ​နည်း​ငယ်​က​သင်​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍ ငါ​နှစ်​သက်​သည့် အ​မှု​ကို​ပြု​ခဲ့​ကြ​၏။ သင်​တို့​အား​လုံး​ပင် မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား​အ​ချင်း​ချင်း တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန်​သ​ဘော​တူ​ညီ ချက်​ဖြင့် ငါ့​နာ​မ​ဖြင့်​တည်​ဆောက်​ထား သော​ဗိ​မာန်​တော်​အ​တွင်း​ငါ​၏​ရှေ့​မှောက် ၌​ပ​ဋိ​ညာဉ်​ပြု​ခဲ့​ကြ​၏။-

Common Language Bible

In The King James Version

And ye were now turned, and had done right in my sight, in proclaiming liberty every man to his neighbour; and ye had made a covenant before me in the house which is called by my name:

In Context

14သူ​တို့​သည်​မိ​မိ​ဝယ်​ယူ​ထား​သည့်​ဟေ​ဗြဲ ကျွန်​မှန်​သ​မျှ​ကို​ခြောက်​နှစ်​မျှ​စေ​စား​ပြီး နောက် ခု​နစ်​နှစ်​မြောက်​တွင်​လွတ်​လပ်​ခွင့်​ပေး​ရ ကြ​မည်​ဖြစ်​ကြောင်း သူ​တို့​အား​ငါ​မှာ​ကြား ခဲ့​၏။ သို့​ရာ​တွင်​သင်​၏​ဘိုး​ဘေး​တို့​သည် ငါ့​အား​ပ​မာ​ဏ​မ​ပြု​ကြ။ ငါ​ပြော​ဆို သည့်​စ​ကား​ကို​လည်း​နား​မ​ထောင်​ကြ။-

16သို့​ရာ​တွင်​သင်​တို့​သည်​စိတ်​သ​ဘော​ထား ပြောင်း​လဲ​ကြ​ပြန်​၍​ငါ့​အား​အ​သ​ရေ​ဖျက် ကြ​၏။ သင်​တို့​အား​လုံး​ပင်​မိ​မိ​တို့​လွတ်​လပ် ခွင့်​ပေး​ခဲ့​ကြ​သည့်​ကျေး​ကျွန်​များ​ကို ပြန် လည်​ခေါ်​ယူ​ကာ​အ​တင်း​အ​ကြပ်​ကျွန်​ခံ စေ​ကြ​ပြန်​၏။-

Read all of ယေရမိအနာဂတ္တိကျမ်း 34

Cross References

1 Kings 21:27ဧ​လိ​ယ​ဆင့်​ဆို​ပြော​ကြား​သော​အ​ခါ အာ​ဟပ် သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​ပြီး​လျှင် လျှော်​တေ​ကို​ဝတ်​၏။ သူ​သည်​စား​တော်​မ​ခေါ် ဘဲ​လျှော်​တေ​ဝတ်​၍​အိပ်​၏။ သွား​လာ​ရာ​၌ လည်း​မှိုင်​တွေ​လျက်​နေ​၏။

2 Kings 12:2သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​၏​သွန် သင်​မှု​ကို​ခံ​ယူ​ရ​ရှိ​သ​ဖြင့် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​များ​ကို​ပြု​၏။-

2 Kings 23:3သူ​သည်​ဘု​ရင့်​ကျောက်​တိုင်​အ​နီး​တွင်​ရပ် လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​စ​ကား​တော် ကို​နား​ထောင်​ပါ​မည်။ ကိုယ်​တော်​၏​တ​ရား​တော် နှင့်​ပ​ညတ်​တော်​တို့​ကို ကိုယ်​စွမ်း​စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​စောင့်​ထိန်း​ပါ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။

Psalms 76:11သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထား​ရှိ​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ကြ​လော့။ နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့၊ ကိုယ်​တော်​၏​ထံ​တော်​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​ခဲ့​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​လူ​တို့ ကြောက်​လန့်​စေ​တော်​မူ​၏။

Isaiah 58:2သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။

Jeremiah 32:34သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 34:15

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 34:14ယေရမိအနာဂတ္တိကျမ်း 34ယေရမိအနာဂတ္တိကျမ်း 34:16 →