ယေရမိအနာဂတ္တိကျမ်း 38:5
သို့ဖြစ်၍ဇေဒကိမင်းက``ကောင်းပြီ။ သူ့အား သင်တို့ပြုလိုရာပြုကြပေလော့။ သင်တို့ အားငါမဆီးတား'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 38
Cross References
1 Samuel 15:24ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
2 Samuel 3:39ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။
Proverbs 29:25လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
Daniel 6:17ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။-