ယေရမိအနာဂတ္တိကျမ်း 38:6
ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 38
Cross References
Genesis 37:24ထိုနောက်သူ့အားချုပ်ကိုင်၍ရေခန်းခြောက် သောတွင်းထဲသို့ချလိုက်ကြ၏။
Psalms 69:2ကျွန်တော်မျိုးသည်နက်လှသောရွှံ့ထဲတွင်ကျွံနေပါပြီ။ ခြေနင်းစရာမြေမာမရှိပါ။ ကျွန်တော်မျိုးသည်ရေနက်ထဲသို့ရောက်လျက် ရှိပါ၏။ လှိုင်းလုံးများသည်ကျွန်တော်မျိုးအား လွှမ်းမိုးကြပါတော့မည်။
Psalms 109:5သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏ မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။
Jeremiah 37:16ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
Jeremiah 38:11ထို့ကြောင့်ဧဗဒမေလက်သည်လူတို့ခေါ်ကာ ထိုနန်းတော်ပစ္စည်းသိုလှောင်ခန်းသို့ဝင်ပြီး လျှင် ဟောင်းနွမ်းသောအဝတ်စုတ်များကိုယူ ပြီးလျှင် ရေတွင်းထဲ၌ရှိသောငါ့ထံသို့ ကြိုးများနှင့်အတူချ၍ပေးလေသည်။-
Lamentations 3:52ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။