ယေရမိအနာဂတ္တိကျမ်း 4:16
သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
Isaiah 34:1အို လူမျိုးအပေါင်းတို့လာကြလော့။ လာ ရောက်စုဝေး၍နားထောင်ကြလော့။ ကမ္ဘာတစ် ဝှမ်းလုံးတွင်နေထိုင်သမျှသောလူတို့သည် ဤအရပ်သို့လာ၍နားထောင်ကြရာ၏။-
Jeremiah 2:15ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
Jeremiah 5:6ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
Jeremiah 6:18ထို့ကြောင့်ထာဝရဘုရားက``အချင်းလူမျိုး တကာတို့၊ နားထောင်ကြလော့။ အချင်းသက်သေ အပေါင်းတို့၊ ငါ၏လူမျိုးတော်ကြုံတွေ့ရမည့် ကံကြမ္မာကိုလေ့လာကြလော့။-
Jeremiah 6:22ထာဝရဘုရားက``မြောက်အရပ်ရှိနိုင်ငံတစ် ခုမှ လူတို့သည် ချီတက်လာကြလိမ့်မည်။ ရပ် ဝေးမှအင်အားကြီးမားသည့်လူမျိုးသည် စစ်တိုက်ရန်ပြင်ဆင်လျက်နေ၏။-
Jeremiah 16:6ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-