ယေရမိအနာဂတ္တိကျမ်း 4:29
မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 4
Cross References
2 Kings 25:4ထိုအခါစစ်သူရဲအပေါင်းတို့သည်မြို့ကို ဗာဗုလုန်တပ်သားများဝိုင်းရံလျက်ရှိသော် လည်း မြို့ရိုးကိုဖောက်၍ညဥ့်အခါထွက်ပြေး ကြ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်လမ်း အတိုင်းသွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြား ရှိတံခါးပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်း ဘက်သို့ပြေးကြ၏။-
Isaiah 2:19ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
Jeremiah 4:7ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
Jeremiah 52:7ထိုအခါမြို့ရိုးများသည်ကျိုးပေါက်၍သွား တော့၏။ မြို့ကိုဗာဗုလုန်အမျိုးသားတို့ဝိုင်းရံ လျက်ထားသော်လည်း စစ်သည်တပ်သားအပေါင်း သည်ညဥ့်အခါတွင်ထွက်ပြေးရန်ကြိုးစားကြ ၏။ သူတို့သည်ဘုရင့်ဥယျာဉ်တော်အတိုင်း သွားပြီးလျှင် မြို့ရိုးနှစ်ထပ်အကြားရှိတံခါး ပေါက်မှထွက်၍ယော်ဒန်ချိုင့်ဝှမ်းဘက်သို့ပြေး ကြ၏။-
Luke 23:30ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။-