ယေရမိအနာဂတ္တိကျမ်း 40:9
ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 40
Cross References
Genesis 49:15သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
2 Kings 25:24ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။
Psalms 128:2သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
Jeremiah 38:17ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-