1 ဓမ္မရာဇဝင်တတိယစောင် 25:24
ဂေဒလိကသူတို့အား``သင်တို့သည်ဗာဗုလုန် အရာရှိတို့အား ကြောက်ရွံ့စရာမလိုကြောင်း ငါကတိပြု၏။ ဤပြည်တွင်နေထိုင်၍ဗာဗုလုန် ဘုရင်၏အမှုတော်ကိုထမ်းဆောင်ကြပါလျှင် သင်တို့ချမ်းသာရလိမ့်မည်'' ဟုပြော၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 25
Cross References
2 Samuel 14:11အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
Jeremiah 40:9ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
Ezekiel 33:24ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။