ယေရမိအနာဂတ္တိကျမ်း 42:22
ထို့ကြောင့်သင်တို့သည်စစ်ဘေး၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ်အနာ ရောဂါဘေးသင့်၍မိမိတို့သွားရောက်နေထိုင် လိုသောပြည်တွင်သေရကြလိမ့်မည်'' ဟု ပြန်ကြားပြောဆို၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 42
Cross References
Jeremiah 24:10သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။
Jeremiah 43:11နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
Ezekiel 6:11အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
Hosea 9:6ဘေးဒုက္ခဆိုက်ရောက်၍သူတို့သည်အရပ်ရပ် သို့ရောက်ရှိကြသောအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုစုသိမ်း၍ မင်ဖိမြို့ တွင်သင်္ဂြိုဟ်ကြလိမ့်မည်။ သူတို့၏ငွေရတနာ နှင့်သူတို့၏နေအိမ်ဟောင်းရှိရာအရပ်တို့ သည် ပေါင်းပင်နှင့်ဆူးပင်များဖုံးအုပ်လျက် ရှိလိမ့်မည်။