ယေရမိအနာဂတ္တိကျမ်း 43:11
နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
Job 20:29ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။
Jeremiah 15:2သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
Jeremiah 44:12ယုဒပြည်တွင်ကျန်ရှိကာအီဂျစ်ပြည်သို့ သွားရောက်နေထိုင်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူ တို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီး စေမည်။ ကြီးငယ်မဟူထိုသူအပေါင်းတို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍အီဂျစ်ပြည်တွင်သေရကြလိမ့်မည်။ သူတို့သည်လူတို့ရှေ့၌စက်ဆုပ်ရွံရှာဖွယ် ဖြစ်လိမ့်မည်။ လူတို့သည်သူတို့အားပြက် ရယ်ပြုလျက်သူတို့၏အမည်နာမကို ကျိန်စာအဖြစ်အသုံးပြုကြလိမ့်မည်။-
Jeremiah 46:1ထာဝရဘုရားသည်နိုင်ငံတကာကို ရည်မှတ်၍ ငါ့အားဗျာဒိတ်ပေးတော်မူ၏။-
Ezekiel 5:12သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
Ezekiel 30:1တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-