The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 42 › ယေရမိအနာဂတ္တိကျမ်း 42:3

ယေရမိအနာဂတ္တိကျမ်း 42:3

အ​ကျွန်ုပ်​တို့​အ​ဘယ်​လမ်း​စဉ်​ကို​လိုက်​၍ အ​ဘယ်​အ​မှု​တို့​ကို​ပြု​သင့်​ကြောင်း​လမ်း​ပြ တော်​မူ​ရန် အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု ပန်​ကြား​ကြ​၏။-

Common Language Bible

In The King James Version

That the LORD thy God may shew us the way wherein we may walk, and the thing that we may do.

In Context

2ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-

4ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 42

Cross References

Deuteronomy 5:29သူ​တို့​သည်​ဤ​ကဲ့​သို့​ငါ့​ကို​အ​စဉ်​ကြောက်​ရွံ့ ရို​သေ​၍ ငါ​၏​ပညတ်​တော်​အား​လုံး​ကို​စောင့်​ထိန်း ကြ​မည်​ဆို​လျှင် သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​များ​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ လိမ့်​မည်။-

Ezra 8:21ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-

Psalms 27:11အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ပြု​စေ​လို​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ လမ်း​၌ ပို့​ဆောင်​တော်​မူ​ပါ။

Psalms 143:8နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

Isaiah 2:3သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''

Micah 4:2``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တည်​ရှိ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏ တောင်​ပေါ်​သို့ တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​လို​တော်​နှင့် အ​ညီ ကျင့်​ကြံ​ပြု​မူ​ရန်​သွန်​သင်​တော်​မူ​မည်။ ကိုယ်​တော်​ညွှန်​ပြ​သော​လမ်း​အ​တိုင်း လျှောက်​သွား​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ လည်း​ကောင်း ထွက်​ပေါ်​လာ​သ​တည်း'' ဟု​ဆို​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 42:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 42:2ယေရမိအနာဂတ္တိကျမ်း 42ယေရမိအနာဂတ္တိကျမ်း 42:4 →