ယေရမိအနာဂတ္တိကျမ်း 43:5
ထိုနောက်ယောဟနန်နှင့်တပ်မှူးအပေါင်း တို့သည် ယုဒပြည်တွင်ကျန်ရှိနေသမျှ သောလူတို့ကိုအီဂျစ်ပြည်သို့ခေါ်ဆောင် သွားကြ၏။ သူတို့သည်နိုင်ငံတကာတွင် ကွဲလွင့်၍နေရာမှ ယုဒပြည်တွင်နေထိုင် ရန်ပြန်လည်ရောက်ရှိလာသူများဖြစ်သည့်၊-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
1 Samuel 26:19အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
Jeremiah 40:10ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
Jeremiah 41:10ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
Jeremiah 41:17သူတို့သည်ဂိဘောင်မြို့မှယောဟနန်ဆောင် ယူလာသူအပေါင်းတို့အားထိန်းသိမ်းစောင့် ရှောက်ကာထွက်ခွာလာကြပြီးလျှင် ဗက်လင် မြို့အနီးခိမဟံစခန်း၌ရပ်နားကြ၏။ သူ တို့သည်ဗာဗုလုန်အမျိုးသားတို့၏ဘေး မှကင်းဝေးကြစေရန်အီဂျစ်ပြည်သို့ သွားကြ၏။-