ယေရမိအနာဂတ္တိကျမ်း 44:15
ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 44
Cross References
Deuteronomy 13:7သူတို့တစ်ဦးဦးကသင်တို့အနီးအပါး တွင်နေထိုင်သူ သို့မဟုတ်သင်တို့နှင့်ဝေးသော အရပ်တွင်နေထိုင်သူတို့၏ဘုရားများကို ဝတ်ပြုကိုးကွယ်ရန်ဖြားယောင်းပေလိမ့်မည်။-
Proverbs 11:21လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
Jeremiah 5:1ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
Matthew 7:13``ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်ကြလော့။ ငရဲသို့ပို့ဆောင်ရာလမ်းနှင့်တံခါးပေါက်သည် ကျယ်ဝန်းသဖြင့် ထိုလမ်းကိုလိုက်သူတို့သည် များကြ၏။-