The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 44 › ယေရမိအနာဂတ္တိကျမ်း 44:19

ယေရမိအနာဂတ္တိကျမ်း 44:19

ထို​နောက်​အ​မျိုး​သ​မီး​များ​က``ငါ​တို့​သည် ကောင်း​ကင်​ဘု​ရင်​မ​၏​ရုပ်​ပုံ​တူ​မုန့်​များ​ကို ဖုတ်​လုပ်​၍ ထို​နတ်​သ​မီး​အား​ယဇ်​ပူ​ဇော်​ကာ သူ​၏​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​များ ကို​သွန်း​လောင်း​ကြ​သော​အ​ခါ ငါ​တို့​၏​ခင် ပွန်း​များ​က​လည်း​ငါ​တို့​ပြု​သည့်​အ​မှု​ကို လက်​ခံ​အ​တည်​ပြု​ခဲ့​ကြ​ပါ​သည်'' ဟု​ထပ် လောင်း​ပြော​ဆို​ကြ​၏။

Common Language Bible

In The King James Version

And when we burned incense to the queen of heaven, and poured out drink offerings unto her, did we make her cakes to worship her, and pour out drink offerings unto her, without our men?

In Context

18သို့​ရာ​တွင်​ကောင်း​ကင်​ဘု​ရင်​မ​ကို​ယဇ်​ပူ​ဇော် မှု၊ သူ့​အ​ဖို့​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း လောင်း​မှု​တို့​ကို​မ​ပြု​ကြ​တော့​သည့်​အ​ချိန် မှ​အ​စ​ပြု​၍ ငါ​တို့​သည်​များ​စွာ​ချို့​တဲ့ လျက်​ငါ​တို့​အ​မျိုး​သား​များ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍​သေ​ရ ကြ​ပါ​၏'' ဟု​ပြော​ကြား​ကြ​လေ​သည်။

20ထို​အ​ခါ​ငါ​သည်​မိ​မိ​အား​ဤ​သို့​ပြော ကြား​ကြ​သူ အ​မျိုး​သား​အ​မျိုး​သ​မီး များ​နှင့်​လူ​အ​ပေါင်း​တို့​အား၊-

Read all of ယေရမိအနာဂတ္တိကျမ်း 44

Cross References

Genesis 3:11ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။

Numbers 30:6အိမ်​ထောင်​မ​ကျ​သေး​သော​အ​မျိုး​သ​မီး​တစ် ဦး​သည် သိ​လျက်​နှင့်​သော်​လည်း​ကောင်း၊ အ​မှတ် တမဲ့​သော်​လည်း​ကောင်း​တစ်​စုံ​တစ်​ရာ​ကို​ရှောင် ကြဉ်​ရန် က​တိ​သစ္စာ​ပြု​ပြီး​နောက်​အိမ်​ထောင် ကျ​လျှင် သူ​၏​ခင်​ပွန်း​သည်​ကြား​၍​မ​တား မြစ်​သော်၊-

Numbers 30:8သူ​၏​ခင်​ပွန်း​ကြား​၍​တား​မြစ်​လျှင်​မူ​ကား သူ​သည်​က​တိ​သစ္စာ​အ​တိုင်း​ဆောင်​ရွက်​ရန် မ​လို။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ခွင့်​လွှတ် တော်​မူ​မည်။

Deuteronomy 7:3သူ​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​ရ။ သင်​တို့​၏​သား​သ​မီး​များ​ကို​လည်း သူ​တို့ နှင့်​လက်​ထပ်​ထိမ်း​မြား​ခြင်း​မ​ပြု​စေ​ရ။-

2 Chronicles 21:6သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-

Jeremiah 7:18က​လေး​သူ​ငယ်​များ​သည်​ထင်း​ခွေ​၍​အ​မျိုး သား​ကြီး​များ​က​မီး​မွေး​ကာ​အ​မျိုး​သ​မီး ကြီး​များ​က ကောင်း​ကင်​မိ​ဖု​ရား​အ​မည်​တွင် သော​နတ်​သ​မီး​အား​ပူ​ဇော်​ရန်​မုန့်​ညက်​ကို နယ်​၍​မုန့်​ဖုတ်​ကြ​၏။ သူ​တို့​သည်​ငါ့​စိတ်​တော် မ​သာ​မ​ယာ​စေ​ရန်​အ​ခြား​ဘု​ရား​များ အ​တွက် စ​ပျစ်​ရည်​ပူ​ဇော်​သကာ​ကို​လည်း သွန်း​လောင်း​ဆက်​သ​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 44:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 44:18ယေရမိအနာဂတ္တိကျမ်း 44ယေရမိအနာဂတ္တိကျမ်း 44:20 →