ယေရမိအနာဂတ္တိကျမ်း 44:26
သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 44
Cross References
Genesis 22:16``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
Numbers 14:28ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
Psalms 50:16သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
Isaiah 48:1အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
Jeremiah 4:2ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 7:9သင်တို့သည်ခိုးဝှက်မှု၊ လူသတ်မှု၊ သူ့မယား ကိုပြစ်မှားမှု၊ ကျိန်ဆို၍လိမ်လည်မှု၊ ဗာလ ဘုရားကိုယဇ်ပူဇော်မှုနှင့်မိမိတို့မသိ ဘူးသည့်ဘုရားများကိုဝတ်ပြုကိုးကွယ် မှုတို့ကိုပြုကြ၏။-