ယေရမိအနာဂတ္တိကျမ်း 46:15
သင်တို့၏တန်ခိုးကြီးသောဘုရားအာပိ သည် အဘယ်ကြောင့်ပြိုလဲရသနည်း။ သူ့အားထာဝရဘုရားတွန်းချတော်မူလေပြီ။
Common Language Bible
In The King James Version
Why are thy valiant men swept away? they stood not, because the LORD did drive them.
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Exodus 6:1ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
Judges 5:20ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
Psalms 18:39ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
Psalms 68:2ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
Isaiah 66:15ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
Jeremiah 46:21အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။