ယေရမိအနာဂတ္တိကျမ်း 46:25
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 46
Cross References
Isaiah 19:1ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
Isaiah 30:2သူတို့သည်ငါ၏ထံမှအကြံဉာဏ်ကိုမ တောင်းခံဘဲ အီဂျစ်ပြည်သို့သွား၍အကူ အညီတောင်းခံကြ၏။ အီဂျစ်ပြည်၏ကာ ကွယ်စောင့်ရှောက်မှုကိုအလိုရှိသဖြင့် သူတို့ သည်အီဂျစ်ဘုရင်ကိုယုံကြည်ကိုးစား ကြ၏။-
Isaiah 31:1အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
Jeremiah 42:14စစ်၏အန္တရာယ်ကိုနောက်တစ်ဖန်မတွေ့ မကြုံရာ၊ စစ်ပွဲဝင်ရန်တံပိုးခရာမှုတ်သံ ကိုမကြားရာ၊ မငတ်မမွတ်ရာအီဂျစ်ပြည် သို့ငါတို့သွားမည်' ဟုသင်တို့မဆိုရကြ။-
Jeremiah 43:13သူသည်အီဂျစ်ပြည်ရှိနေမင်းမြို့တော်အ ထိမ်းအမှတ်ကျောက်တိုင်များကိုချိုးဖျက် ၍အီဂျစ်ဘုရားဝတ်ကျောင်းများကိုမီးရှို့ လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
Ezekiel 30:14အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။-