ယေရမိအနာဂတ္တိကျမ်း 43:13
သူသည်အီဂျစ်ပြည်ရှိနေမင်းမြို့တော်အ ထိမ်းအမှတ်ကျောက်တိုင်များကိုချိုးဖျက် ၍အီဂျစ်ဘုရားဝတ်ကျောင်းများကိုမီးရှို့ လိမ့်မည်' ဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 43
Cross References
Genesis 41:45ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
Isaiah 19:18ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်မြို့ကြီးငါးမြို့တွင်ဟေဗြဲ ဘာသာစကားကိုသုံးစွဲကြလိမ့်မည်။ ထို မြို့များရှိလူတို့သည်ကျိန်ဆို၍ထာဝရ ဘုရားအားသစ္စာကတိပြုကြလိမ့်မည်။ ထို မြို့တို့အနက်မှမြို့တစ်မြို့သည်နေမင်း၏ မြို့ဟုနာမည်တွင်လိမ့်မည်။
Jeremiah 25:19စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
Ezekiel 30:13အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။-