The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 46 › ယေရမိအနာဂတ္တိကျမ်း 46:27

ယေရမိအနာဂတ္တိကျမ်း 46:27

``ငါ​၏​လူ​မျိုး​တော်​တို့၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ ပြည်​သား​တို့၊ထိတ်​လန့်​တုန်​လှုပ်​မှု​မ​ဖြစ် ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​သေ​ရ​ကြ သော​ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား​ငါ​ကယ် ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သင်​တို့​အား​ကြောက်​လန့် စေ​လိမ့်​မည်​မ​ဟုတ်။

Common Language Bible

In The King James Version

But fear not thou, O my servant Jacob, and be not dismayed, O Israel: for, behold, I will save thee from afar off, and thy seed from the land of their captivity; and Jacob shall return, and be in rest and at ease, and none shall make him afraid.

In Context

26သူ​တို့​ကို​သတ်​ဖြတ်​လို​သူ​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​တပ်​မ​တော်​လက်​သို့​ငါ ပေး​အပ်​မည်။ သို့​ရာ​တွင်​နောင်​အ​ခါ​၌​လူ​တို့ သည်​ရှေး​ကာ​လ​များ​က​နည်း​တူ အီ​ဂျစ်​ပြည် တွင်​ပြန်​လည်​နေ​ထိုင်​ကြ​လိမ့်​မည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ထား​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

28ငါ​သည်​သင်​တို့​ထံ​သို့​ကြွ​လာ​၍ သင်​တို့​အား​ကယ်​တင်​မည်။ သင်​တို့​အား​ငါ​ကွဲ​လွင့်​စေ​ခဲ့​ရာ နိုင်​ငံ​တ​ကာ​တို့​ကို​ငါ​ဖျက်​ဆီး​မည်။ သို့​ရာ​တွင်​သင်​တို့​ကို​မူ​ဖျက်​ဆီး​မည် မ​ဟုတ်။ ငါ​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ ထား​မည်​မ​ဟုတ်​သော်​လည်း၊ အ​ပြစ်​ဒဏ်​ခတ်​သော​အ​ခါ​၌​မူ​ကား​မျှ​တ​စွာ ဒဏ်​ခတ်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ကြား​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 46

Cross References

Isaiah 41:13ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

Isaiah 43:5မ​ကြောက်​ကြ​နှင့်​ငါ​သည်​သင်​တို့​နှင့်​အ​တူ ရှိ​၏။ ``ဝေး​လံ​သော​အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်၊ အ​စွန်​ဆုံး​ဒေ​သ​မှ​သင်​တို့​အ​မျိုး​သား​များ ကို မိ​မိ​တို့​ပြည်​သို့​ငါ​ခေါ်​ဆောင်​ခဲ့​မည်။

Jeremiah 23:3``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-

Jeremiah 29:14သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။

Jeremiah 31:8ငါ​သည်​ထို​သူ​တို့​ကို​မြောက်​အ​ရပ်​မှ ခေါ်​ဆောင်​ခဲ့​မည်။ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​များ​မှ​စု​သိမ်း ခဲ့​မည်။ သူ​တို့​နှင့်​အ​တူ​မျက်​မ​မြင်​များ၊ခြေ​မ​စွမ်း မ​သန် သူ​များ​သည်​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​များ၊သား​ဖွား​ရန် နေ့​စေ့​လ​စေ့​အ​မျိုး​သ​မီး​များ​သည်​လည်း ကောင်း လိုက်​ပါ​လာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ​မျိုး​ကြီး​အ​ဖြစ်​ဖြင့် ပြန်​လာ​ကြ​လိမ့်​မည်။

Jeremiah 33:16ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယု​ဒ​ပြည်​သူ​တို့​သည်​ကယ်​ဆယ်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ သည်​လည်း​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​မြို့​တော်​ကို`ငါ​တို့​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား' ဟူ​၍​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 46:27

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 46:26ယေရမိအနာဂတ္တိကျမ်း 46ယေရမိအနာဂတ္တိကျမ်း 46:28 →